Saturday, September 10, 2011

နိုင်ငံရေးဘေးဒဏ်သင့်နေရသောရိုဟင်ဂျာများ၊၊


On Sep 10, 11:04 am, Daw Khin Hla <dkh...@gmail.com> wrote:
နိုင်ငံရေးဘေးဒဏ်သင့်နေရသောရိုဟင်ဂျာများ၊၊* ****

ယနေ့ကမ္ဘာပေါ်တွင်သဘာဝဘေးဒဏ်၊ နိုင်ငံရေးဘေးဒဏ်ကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးသွားခြင်း၊ ခိုကိုးရာမဲ့ဘဝအဖြစ်သို့ရောက်ရှိသွားခြင်း၊ နိုင်ငံမဲ့ဘဝအဖြစ်သို့ရောက်ရှိသွားခြင်းတို့ကို ရင်ဆိုင်နေရပါသည်၊၊ ကျွန်မတို့ရိုဟင်ဂျာလူမျိုးများသည်လည်း နိုင်ငံရေးဘေးဒဏ်ကြောင့် နှစ်ပေါင်းများစွာ ဒုက္ခမျိုးစုံခံစားနေရ ပါသည်။

မြန်မာ့နိုင်ငံရေးပြောင်းလဲတိုင်း ရိုဟင်ဂျာတွေကမြေဇာပင်ဖြစ်ရသည်မှာအစဉ်အလာကဲ့သို့ ဖြစ်နေ ပါသည်။ တရားမျှတမှုမရှိသောနိုင်ငံရေးအဓွန့်ရှည်နေသမျှကာလပတ်လုံး ရိုဟင်ဂျာများသည် နိုင်ငံမဲ့ဘဝဖြင့် ဒုက္ခမျိုးစုံ ခံစားနေရမှာဧကန်မလွဲပါ၊

ရိုဟင်ဂျာတို့သည်မြန်မာနိုင်ငံတွင်လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကပင် နေထိုင်ကြသူများ ဖြစ်ပါသည်။ နိုင်ငံသားအခွင့်အရေးများလည်းရရှိခံစားခဲ့ပါသည်။ မြေနိမ့်ရာလှံစိုက်ဆိုသကဲ့သို့ လူနည်းစုများဖြစ်သော ရိုဟင် ဂျာများကို သာဘဂါင်္လီဟုခေါ်ဆိုသမုတ်ပြီး၊ အမျိုးမျိုးအနိုင်ကျင့် နေပါသည်၊၊

လူသားစစ်စစ်ဖြစ်ပါလျက် လူ့အခွင့် အရေးဆုံးရှုံးနေသည်မှာ ရင်နာစရာကောင်းလှပါသည်၊၊ ရိုဟင်ဂျာတို့နေထိုင်ရာဒေသသည် ဘင်္ဂလားဒေ့ရှ့်ု နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသောကြောင့် ဘင်္ဂါလီဟုသတ်မှတ်ရမည်ဆိုပါကတခြားနယ်စပ်မှာနေထိုင် သောလူမျိုးအာလုံးကိုမည်သို့ သတ်မှတ်ခေါ်ဝေါ်မည်နည်း။

ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း နယ်စပ်တလျှောက် နေထိုင်သောသူများစွာရှိပါသည်၊၊ နယ်စပ်တွင် နေထိုင်သောကြောင့် တဖက်နိုင်ငံသားဟုစွပ်စွဲနေသည်မှာ ယုတ္တိ မရှိပါ၊

*
ကျွန်မတို့ ရိုဟင်ဂျာလူမျိုးများသည် နိုင်ငံတော်အပေါ်သစ္စာရှိပြီး၊ နိုင်ငံတာဝန်ကိုလည်း ထမ်းဆောင်ခွင့်ရရှိခဲ့ပါ သည်။ မြန်မာနိုင်ငံတွင်ရိုဟင်ဂျာလူမျိုးမရှိပါ၊ မကြားဘူးပါဟုပြောဆိုနေခြင်းမှာ လိမ်လည်လှည့်ဖျားနေခြင်းသာ ဖြစ်ပါသည်။

၁၉၆၁ခုနှစ်မေလ(၁၅)ရက်နေ့မှစ၍ရိုဟင်ဂျာလူမျိုးစုကိုလူနည်းစုတခုအဖြစ်အသိအမှတ်ပြုလျက်ရိုဟင်ဂျာ ဘာသာကိုမြန်မာ့အသံမှတပတ်လျင်()ကြိမ်မှန်မှန်အသံလွှင့်ခဲ့သည်ကိုထောက်ရ­ှု လျှင်မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပါ။*

နိုင်ငံတော်၏မူဝါဒ၊ သဘောတရားပြောင်းလဲသွားသည်နှင့်တပြိုင်နက်ရိုဟင်ဂျာတို့အခွင့်အရေးများ ဆုံးရှုံးသွား ပါသည်၊၊ ရိုဟင်ဂျာလူမျိုးများအား မောင်းထုတ်ရေးစီမံချက်အဖြစ် နဂါးမင်းစီမံချက်ကို
ရည်ရွယ်ချက် ကောင်းကောင်း ဖြင့်အကွက်ဆင်ကာတဖက်နိုင်ငံသို့ ထွက်ပြေးသွားအောင် လုပ်ဆောင်ခဲ့ပါသည်။ ယင်းစီမံချက် အောင်မြင်ရေးအတွက်ကြိုတင်စီမံမှုများ အဖြစ်အထောက်အထား မြောက်များစွာတွေ့ရှိနိုင်­ပါသည်။ထိုစီမံချက်၏အဓိကရည်ရွယ်မှာရိုဟင်ဂျာတို့အားနိုင်ငံမဲ့ဘဝ ရောက်ရှိ ရေးပင်ြ­ဖစ်ပါသည်။

ရိုဟင်ဂျာများမှာနိုင်ငံမဲ့ဘဝသို့ရောက်ရှိခြင်းနှင့်အတူသဘာဝဘေးဒဏ်နိုင်ငံသား မဟုတ်သောကြောင့် အနိုင် ကျင့်စော်ကားမှုဒဏ်၊ စားဝတ်နေရေးဒဏ်စသည့်ဒဏ်အမျိုးမျိုးဖြင့်အလူးအလဲခံစားနေရပါသည်၊၊
နိုင်ငံမဲ့ဘဝဖြင့် ဘယ်လောက်ကြာကြာနေရမည်နည်း၊။

အမှန်တရားကိုမြတ်နိုးသော လူလူချင်းညှာတာတောက်ထားပြီး စစ်မှန်သောဒီမိုကရေစီကို လိုလားတောင့်တနေသောဒီမိုကရေစီအင်အားစုများသည်ရိုဟင်ဂျာအရေးကိုပါဝင်ကူညီပေးမည်ဟုကျွန်မတို့ယြုံ­ကည်ပါသည်၊၊

ဆုံးရှုံးမှုသည်အောင်မြင်မှုအတွက်အင်အားတစ်ရပ်ဖြစ်ကြောင့်ရိုဟင်ဂျာများသည်လည်းဆက­် လက်ကြိုးစားရ ဦးမှာဖြစ်ပါသည်။ အောင်ပွဲဆိုသည်မှာလူသားတို့အတွက်သာဖြစ်ပါသည်၊၊

ရိုဟင်ဂျာအရေး ….. ဒို့အရေး

ဒေါ်ခင်လှ။

ရက်စွဲ။ ။၂၀၁၁ ခုနှစ် စက်တင်္ဘာလ (၁၀) ရက်။

No comments:

Post a Comment