Friday, May 25, 2012

Award Ceremony of the Mr. Zaw Min Htut, a Rohingya activist from the Burmese Rohingya Association in Japan (BRAJ)

အမေရိကန်နိုင်ငံမှလူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆုအတွက်ရွေးချယ်ခံရသူများတွင်eပါဝင်ခဲ့သော မြန် မာနိုင်ငံသားရိုဟင်ဂျာများအသင်း (ဂျပန်) မှ ဥက္ကဌ ဦးဇော်မင်းထွဋ်အားဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ် ဧပြီလ (၁၂) ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Deputy Chief of Mission Mr.Kurt W. Tong ၏နေအိမ်တွင်ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။

အဆိုပါညစာစားပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံမှ ၀န်ကြီးဟောင်းများ၊ လက်ရှိအစိုးရပါလီမန်အမတ်များ၊ အစိုးရတာဝန်ရှိသူများ၊ဥပဒေပညာရှင်များ၊လူ့အခွင့်အရေးလှုပ်ရှားသူများ၊အင်္ဂလန်နိုင်ငံသံရုံးမှသံတမန်များနှင့် အခြားသောသံရုံးများမှအရာရှိများအပါအ၀င် ဧည့်သည်တော် ၆၀ ကျော်တက်ရောက်ခဲ့သည်။
 






အခမ်းအနားတွင် Mr. Kurt W. Tong မှ ဂုဏ်ပြုအမှာစကားပြောကြားပြီး၊ အမေရိကန်နိုင်ငံမှ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆုအတွက်ရွေးချယ်ခံရသူများတွင်ပါဝင်သော မြန်မာနိုင်ငံသားရိုဟင်ဂျာများအသင်း (ဂျပန်)မှဥက္ကဌ ဦးဇော်မင်းထွဋ်အား Human Rights Defender Award Nominee Certificate ချီးမြှင့်ခဲ့သည်။

ဦးဇော်မင်းထွဋ်သည် ၁၉၉၈ ခုနှစ်မှစ၍ ဂျပန်နိုင်ငံတွင်အခြေစိုက်ပြီး ရိုဟင်ဂျာလူမျိုးများ၏ ဆုံးရှုံးသွားသောလူ့အခွင့်အရေးနှင့်တိုင်းရင်းသားအခွင့်အရေးများအတွက် မြန်မာနိုင်ငံသားရိုဟင်ဂျာများအသင်း (ဂျပန်) ကိုထူထောင်၍ အစဉ်တစိုက်လှုပ်ရှားနေသူဖြစ်ပါသည်။


ဦးဇော်မင်းထွဋ်သည် “ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်တိုင်းရင်းသားရိုဟင်ဂျာများ” စာအုပ်နှင့် Human Rights Abuses and Discrimination on Rohingyas စာအုပ်များကိုရေးသားခဲ့သည်။

No comments:

Post a Comment